<><><>ကျိုက်မရောမြို့၏ဟင်္သာများ<><><><><><><>ကျိုက်မရောမြို့၏ဟင်္သာများ ဘလော့မှ လှိုက်လှဲပျူငှာ နွေးထွေးစွာကြိုဆိုပါ၏<><><><><><><>ကျိုက်မရောမြို့၏ဟင်္သာများ<><><>

facebook ပြဿနာ

မြန်မာမွတ်စလင် နှင့် facebook ပြဿနာ



ဒီဖေ့ဘုတ် ကြောင့် ဖြစ်ရတဲ့ ပြသနာ တွေ အခုတစ်လေား ဆက်တိုက်ဆိုသလိုကြားနေရပါတယ်။ ဘာသာရေး ၊ လူမျိုးရေး ၊နှိင်ငံရေး ဇာရိတ္တ ပိုင်းနဲ့ စည်းပွားရေး အပိုင်းကိစ္စတွေပါ ပါမကျန် ပြဿနာ အရှုပ်အထုတ်ပေါင်း သောင်းခြောက်ထောင်နဲ့ပါ။အဲ့ဒီလိုပါပဲ တဖက်ကလည်း ကောင်းတဲ့ ပညာဗဟုသုတ နည်းပညာ သတင်းအချက်အလက် စသဖြင့် လူ့အကျိုးပြု ကိစ္စတွေလည်း တပုံတပင်ကြီးပါ။ ဒီဖေ့ဘုတ်ရဲ့ စည်းမျဉ်းစည်းကမ်း သဘေားသဘာဝ ကိုက Social Network ဆိုတဲ့အတိုင်း ကမ္ဘာ့ နှိင်ငံပေါင်းစုံက လူပေါင်းစုံရဲ့ နေ့တဓူဝ ကိစ္စပေါင်းစုံ ခံစားမှု့ပေါင်းစုံ ဖြစ်ရပ်ပေါင်းစုံကို ရေးခွင့် ပြေားခွင့် ဖြန့်ဝေခွင့် ပေးထားပါတယ်… အဲဒီလိုပါပဲ ဒီဖေ့ဘုတ် အသုံးပြုသူတွေထည်းမှာလည်း အသားအရောင် မျိုးစုံ ၊ခံယူချက်အမျိုးမျိုး ၊၀ါဒအမျိုးမျိုး၊စိတ်ဓာတ်အမျိုးမျိုးကောင်းသူများ ပါသလို မကောင်းသူများလည်းပါပါတယ်။တချို့က ဖေ့ဘုတ်ကို လူ့ အကျိုးပြု ဘာသာရေး ၊ပညာရေး ၊နည်းပညာနဲ့ သတင်းအချက်အလက်များ ဖြန့်ဝေ ဖို့လေ့လာဖို့ အသုံးပြုကြ သလို တချို့ကတော့ ဘာသာရေး ၊လူမျိုးရေး ၊နှိင်ငံရေး အဆိုးအကောင်းဝါဒတွေကို ဖြန့်ဝေ သွေးဆောင်ဖို့ ဒီ Social Network ကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြပါတယ်။တစ်ချို့ကတော့ စည်းပွားရေ အပိုင်း ကဏ္ဍ အမြတ်အစွန်းတွေ အတွက်ကြော်ငြာ ဖို့ အသုံးပြုကြပါတယ်။နောက်ဆုံး တမျိုး ကတော့ အဆင့် အတန်းမ၇ှိဆုံးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံး facebook user မျိုးပါ။မိန်းကလေး ၊သူများအထွတ်အမြတ်ထားရာဘာသာတရား ၊လူမျိုးရေး နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ပဲ သီးသန့် လိုက်ပြီးတိုက်ခိုက် အသရေဖျက်တတ်တဲ့ ဘယ်ရှု့ထောင့်ကကြည့်ကြည့် အသုံးမ၀င် အကျိုးမပြုတဲ့ အောက်တန်းစား facebook user မျိုးပါ။ ထို facebook user များကို အထူးသတိထားကြဖို့ပါ။

ဖေ့ဘုတ်သုံးသူ မိန်းကလေးများ အထူးသဖြင့် ကျွန်တော်ပြောပိုင်ခွင့် တားပိုင်ခွင့် ပို၇ှိသော မြန်မာပြည် ဖွား မွတ်စလင် အမျိုးသမီး များ အတတ်နှိင်ဆုံး အဖြစ်နှိင်ဆုံး ဖေ့ဘုတ်ပေါ်မှာ မိမိဓာတ်ပုံ အစစ်များ မတင်ပါနဲ့ ။မေးလိပ်စာ ကို ဖြောက်ထားပါ။လူတိုင်းကို အတိုင်းအတာတစ်ခုထိ သေသေချာချာမသိပါပဲနဲ့ လွယ်လွယ်ကူကူ မိမိရဲ့ information အမှန်များ မပေးပါနဲ့။အခုလက်၇ှိ နည်းပညာများအရ မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံရရုံဖြင့် အဲ့ဒီပုံကို ကြိုက်သလို ပြောင်လဲပစ်လို့ ရပါတယ်…ဥပမာအားဖြင့် မဖွယ်မရာ ၀တ်လစ်စလစ် ပုံတွေဖြစ်သွားအောင် လုပ်တာတို့ တခြားညစ်ညမ်းတဲ့ စကားလုံးတွေထည့်တာတို့ ပါ.။နောက်ပြီး မိမိရဲ့ လိပ်စာအမှန် တွေထင်ထားတဲ့ အတွက် မိမိပတ်ဝန်းကျင်ကို အဲ့ဒီပုံတွေလှမ်းပို့ပြီး သိက္ခာ ကျစေအာင်လုပ်တာတို့ ခြိမ်းခြောက်ငွေညစ်တာတို့ လုပ်နှိင်ပါတယ်။မြန်မာပြည် ပတ်ဝန်းကျင်၇ဲ့ အခြေအနေယဉ်ကျေးမှု့ ဓလေ့ထုံးစံ အရ ပါ ..နှိင်ငံခြားတိုင်ပြည်တွေမှာတော့ ကိုယ်မဟုတ်ရင် ဂရုလည်းမစိုက်ကြသလို ပတ်ဝန်းကျင်ကလည်း သူတို့ကိစ္စမဟုတ်ရင် စိတ်မ၀င်စား အရေတယူလုပ်လေ့ ပြေားလေ့ မရှိတာကြောင့် အဲ့ဒီလို တိုက်ခိုက်ရုတ်မာမှု့မျိုးက သိပ်မထိရောက်ပါ။ပြီးတော့ ဒီကိစ္စမျိုးက IT ဥပဒေ နဲ့ ငြိ တယ်ဆိုပေမယ့် သန်းရာချီ အသုံးပြုသူတွေကြားမှာ အားလုံးတရားလိုက်ဆွဲးမယ်ဆိုရင် တရားရုံးမှာ facebook မှု့နဲ့ပဲ တိုးပေါက်မယ်မထင်ပါ။ဒါကြောင့် မြန်မာပြည် က မိန်းကလေးများ ဒီကိစ္စကို အထူး သတိထားစေချင်ပါသည်.။မကြာခဏဆိုသလို ကျွန်တော့်ဆီကို ဒီဓာတ်ပုံပြဿနာများ လာဆွေးနွေးကြတာ ကြုံရလို့ပါ။
နောက်တစ်ခုက ဘာသာရေးနဲ့ ပတ်သက်ပြီး စော်ကား အပုတ်ချတဲ့ ကိစ္စပြေားချင်ပါတယ်။အခုလေားလောဆယ် အထူးသဖြင့် နှစ်ဟောင်း ၂၀၁၁ က အဲ့ဒီလို တိုက်ခိုက်စော်ကားမှု့တွေ တော်တော် ဆိုးပါတယ်…ဘာသာကြီးသုံးမျိုးစလုံးကို အပြန်အလှန် စော်ကားအပုတ်ချတာတွေ အများကြီးပါ။ကျွန်တော်တို့ က အစ္စလမ်မို့ ကိုယ့်ဘာသာ ကိုစော်ကားတာကိုပဲ သတိထားမိကြတာပါ။တကယ်တော့ အားလုံးပါပဲ အပြန်အလှန် ဆော်နေကြတာပါ။မြန်မာပြည် တင်မကပါဘူး တကမ္ဘာလုံးပါ။ အစ္စလမ်ကို အပုတ်ချရေးတာ၇ှိသလိုဗုဒ္ဒဘာသာတို့ဟိဒ္ဒူဘာသာတို့ကိုအပုတ်ချရေးတာတွေလည်း၇ှိပါတယ်..ခရစ်ယန် ဘာသာကို မကောင်းကြောင်းရေးတာတွေလည်း အများကြီးပါ။ဘယ်လူမျိုး ၊ဘယ်ဘာသာဝင်မှာမဆိုဘာသာရေး အတွေးအခေါ် အစွန်းရောက်နေသူတွေ၇ှိပါတယ်။ကျွန်တော် ညဏ်မှီသလောက်ပြေားရရင် ကမ္ဘာပေါ်မှာ ဒီဘာသာရေး သဘေားထားကွဲးလွဲမှု့တွေ က အရင်ခောတ်အဆက်ဆက်ကလည်း၇ှိခဲ့သလိုအခုလည်း၇ှိနေပါတယ်နောက်ခောတ်အဆက်ဆက်လည်း ရှိနေအုံးမှာပါပဲ ။လူတွေကြောင့် ပါ။ ဘာသာတိုင်းက လူတွေကို ယဉ်ကျေးသိမ့်မွေ့အောင် ဒေသအလိုက် လူမျိုး အလိုက် ဓလေ့ထုံစံ နဲ့ လိုက်လျော့ညီထွေး၇ှိအောင် ထိန်းချုပ် နေတာပါပဲ လို့ မမြင်ပဲ သူဘာသာ မှားသည် သည် ငါဘာသာမှန်သည်ဟု အမြဲ အနှိင်အရူံး စကားနှိင်ထိုး ဖို့လောက်ကိုပဲ တွေးခေါ်တတ်ကြတဲ့ ဘာသာရေးအစွန်းရောက် ၀ါဒီများကြောင့်ပါ။သူတို့ ကို သွားပြီး ပြန်တိုက်ရင် ခင်ဗျာတို့ ပါ သူတို့နဲ့ တတန်းစားထည်းဖြစ်သွားမှာတော့ သတိပြုသင့်ပါသည်။အဲ့ဒိလို အစွန်းရောက်ဝါဒီတွေကို ဘယ်သူကမှ ဘယ်နေရာမှာမှ နေရာမပေးကြသလို့ မှန်တယ် တကယ်တော်တဲ့သူတွေပါလို့ အားမပေးကြပါဘူး ။သူတို့ လူနည်းစု အစွန်းရောက်ကြသူချင်ကလွဲးရင်ပေါ့။အဲ့ဒါကြောင့် ဖေ့ဘုတ်မှာ အဲ့ဒိလိုလူမျိုး ရှိရင်မြန်မြန် ဘလော့ သင့်ပါတယ်။သူဇရိတ်နဲ့သူသွားမှာပါ။အောလ္လာ အလိုမတူရင် လူတွေ သေအောင် သောက်၇ှက်မ၇ှိပေါက်တတ်ကရတွေ အော်ချင်ရာအော်နေပါစေ….အစ္စလမ်ဘာသာ ကိုဘာမှနထိခိုက်မပွန်းပဲ့စေပါဘူး။တစ်ခုအရေးကြီးဆုံးသတိထားရမဲ့အချက်တစ်ခု၇ှိပါတယ်…သူ့လူကိုယ်ဘက်သား ပုံစံမျိုးနဲ့ facebook group တွေမှာဝင်ပြီး မီးမွေးတာကိုအထူးသတိထားကြပါ။ဥပမာ တခြားဘာသာခြားတစ်ယောက်က သူဘာသာတူတွေ အများကြီး၇ှိတဲ့၈ရုထည်းမှာသွားပြီးအစ္စလမ်ဘာသာဝင်ပုံစံအရောင်ဆောင်ပြီးတော့သူတို့ဘာသာမကောင်းကြောင်းတွေဝင်ပြေား..အဲ့ဒီမှာတခြားသူတွေက ဟာ ဒီကောင်အစ္စလမ်ကောင်လာစော် ကားတယ်ဘာညာဆိုပြီး..ပြဿနာကို ဖန်တီးတဲ့ နည်းပါ။ဒါကြောင့် တစ်ယောက်ကို တစ်ယောက် မျက်နာ မမြင်းရပဲ ကြိုက်သလို လိမ်လို့ ရတဲ့ ဖေ့ဘုတ်မှာ သိပ် Sensative ဖြစ်လွန်းရင် ဘာမှမဟုတ်တဲ့ ပြဿနာက ကြီးလာနှိင်ပါတယ်။သူများရဲ့ လှည့်ကွက်မှာ ကိုပါ ငါစာဖြစ်သွာနှိင်ပါတယ်။ဒါကြောင့် အထူးဂရုစိုက်စေချင်ပါတယ်။
နောက်တစ်ခုက လူမျိုးရေးခွဲးခြားနှိပ်ကွတ်တဲ့ ၀ါဒတွေ ထိုးနက်မှု့တွေ facebook မှာ လုပ်ကြတဲ့ ကိစ္စလည်း ညဏ်မှီသလောက် ပြေားပါရစေ။အဲ့ဒါ အမှန်တိုင်းပြေားရရင် နှိင်ငံရေးနဲ့ ပတ်သက်ပါတယ်လို့ ပြေားရင် ခင်ဗျာတို့ က ဟာ ဒီကောင် အောင်လတ် ဒီဓာတ်ပြားဟောင်းကြီးပဲ လှည့်လှည့်လာတယ်လိုထင်ကြမှာပါ။အမှန်တကယ်တော့ ဒီလူမျိုးရေးခွဲးခြာနှိပ်ကွတ်မှု့တွေရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ သာမန်လူတွေ မသိနှိင်တဲ့ ဒါမှမဟုတ် မသိသေးတဲ့ နက်ရိုင်းတဲ့ လျှို့ဝှက်ချက်တွေ၇ှိပါတယ်။ဒါပေမယ့် အဲ့ဒီလို ဘာသာမတူလို့ အသားအရောင်မတူလို့ ရိုရာ ဓလေ့တွေမတူလို့ အလိမ္မာနည်းနဲ့ အရှုးကွက်နင်ပြီး မီးများမီနိင် ရေများရေနှိင် ခွဲးခြားနှိပ်ကွတ်ကြတာကလည်း မြန်မာပြည်တစ်ခုထည်းမဟုတ်ပါဘူး….နှိင်ငံတိုင်းလိုလိုပါပဲ.အနည်းနဲ့အများ အနုနည်းအကြမ်း နည်းပဲကွာတာပါ…ဗုဒ္ဒဘာသာနှိင်ငံမှာမှမဟုတ်ပါဘူးအစ္စလမ်နှိင်ငံတွေမှာ၊ခရစ်ယန် အုပ်ချုပ်တဲ့နှိင်ငံတွေမှညလည်း ခွဲးခြာတာတွေ၇ှိပါတယ်။ သေခြာတာတစ်ခုကတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေတဲ့ ဒါမှမဟုတ် တော်တော်လေး နီးကပ်နေတဲ့ နှိင်ငံတွေမှာ လုံးဝကို မသိသာသလောက်ပါပဲ။အဆိုးဆုံးကဒီမိုကရေစီးမဟုတ်တဲ့ နှိင်ငံတွေနဲ့ ဒီမိုကရေစီယောင်ယောင် ဘာယောင်ယောင်စနစ်၇ှိတဲ့နှိင်ငံတွေဟိုမရောက်ဒီမရောက်နှိင်ငံတွေ မှာအဆိုးဆုံးလို့ဆိုချင်ပါတယ်။
နောက် အသေခြာဆုံးကစစ်သြဇာနဲ့မကင်းကြတဲ့နှိင်ငံတွေပါ။ စစ်သားဝါဒ မှာ လူမျိုးကြီးဝါဒက အဓိက အခန်းကဏ္ဍ က ပါပါတယ်။တစ်ခု သေခြာတာကတော့ ပြည်သူတွေရဲ့ အတွေးအခေါ် မြင့်မားမှု့ ကျယ်ကျယ်ပြန်ပြန့် တွေခေါ်တတ်မှု့ပေါ်မှာပဲ မူတည်တာပါ။အဲ့ဒီလို အတွေးအခေါ်တွေ အမြင်တွေ ကမ္ဘာ့နဲ့ ၇ှင်ပြီး မြင်လာအောင် တွေးခေါ်တတ်လာအောင် မီဒီရာတွေ ပညာရေး သင်ရိုးညွန်းတန်းတွေရဲ့ကမ္ဘာ့အဆင့်မှီ မြင့်မားမှု့ လွတ်လပ်ခွင့် ၇ှိမှု့ကအရေးကြီးပါတယ်။ဥပမာအား ဖြင့် မြန်မာ ရှင်မင်းသားတစ်ယောက်ရဲ့ တစ်ကားရိုက်ခ ငွေက ဘေားလီဝုတ် အိန္ဒိာယား မင်းသာရဲ့ ဖိနပ်တစ်ရံစာပဲ၇ှိသလို အဲ့ဒီ ဘေားလီဝုတ်မင်းသာရဲ့ တကားရိုက်ခငွေက ဟေားလီးဝုတ် မင်းသား၇ဲ့ ဖိနပ်တစ်၇ံစာပဲ ရှိပါတယ်။ဒါပေမယ့် ဟောလီဝုတ်ကလည်း ဘောလီဝုတ်ကို အဆင့်မ၇ှိပါဘူး လိုခွဲးခြားနှိက်ကွတ် တာမျိုး လျှော့တွက်တာမျိုးမ၇ှိပါဘူး..ဘာကြောင့်လည်းဆိုလည်းဆိုတော့ ဘောလီဝုတ်ကရိုက်တဲ့ကားတွေလည်းသူတို့လိုပဲဆွဲးဆောင်အား၇ှိလို့ပါ.အော်စကာတွေတက်တက်ချိတ်တတ်လို့ပါ။အဲ့ဒီလိုပဲ ဘောလီးဝုတ်က မင်းသားတွေက လည်း မြန်မာ မင်းသားတွေကို လျှော့တွက်လို့မရပါဘူး..တစ်ချို့မြန်မာကားတွေ လည်း ကမ္ဘာကျော်ဖူးပါတယ်…ဆိုလိုချင်တာက အမြင့် ရောက်ပြိးသားသူတွေက အောက်က အရာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လို့ မွေ မွေခြင်းခြေမြင်ကြလို့အေးဆေးလိုက်လျှော့ညီထွေးပါ။ခက်တာကအောက်ကနေအပေါ်ကိုမမြင်နှိင်ကြသေးတဲ့လူမျိုးကြီးဝါဒီတွေ ကုလားဘာဖြစ်တယ်ညာဖြစ်တယ် အဆင့်မ၇ှိတဲ့ ပုံဆံမျိုးတွေ ဘာမှလည်းမသိ၇ှာကြပဲနဲ့မျက်စိမီတ်ထင်ရာေ၇ှာက်အော်ကြတယ်။ဒါဥပမာတစ်ခုပါ..ဘယ်လူမျိုးဘယ်ဘာသာဝင်မှာမဆိုညံ့တဲ့သူ၇ှိသလိုတော်တဲ့သူတွေလည်းအများကြီးပါ..ကောင်းသူတွေ၇ှိသလို မကောင်းသူတွေလည်းအများကြီးပါ..ကိုယ့်မျက်စိထည်း ကိုယ်နဲ့ အရောင်အဆင်း ခံယူချက်မတူတာနဲ့ အဲဒီလူမျိုး.တစ်ခုလုံး အဆင့်မ၇ှိဘူး အောက်တန်းကျပါတယ်ဆိုရင်တော့ ဇကေားလောက်မှ ဇောက်မနစ်တဲ့ အတွေအခေါ်ပိုင်ရှင် လူမျိုးကြီးဝါဒီဆိုတာ ဖေ့ဘုတ်မှာ ရေးပြနေစရာမလိုဟုထင်၏။နောက်တစ်ခု အမေရိကန်တို့ အင်ဒိုနီး၇ှားတို့မှာ လူမျှိးနွယ်စုပေါင်းတစ်ရာကျော်၇ှိပြီးဘာသာစကားပေါင်းလည်းတစ်ရာကျော်ပါတယ်။ဘာသာပေါင်းစုံရှိပါတယ်။ကြားဖူးလား တစ်မျိုးကို တစ်မျိုးက ခွဲးခြားနှိပ်ကွတ်ကြပါတယ်လို့…ကျွန်တော်နေတဲ့ ခင်ဗျာတို့ ပြေားတဲ့ ကုလားအုပ်ချုပ် တဲက မြို့မှာ မြန်မာပြည်က ရွှေတဂုံ စေတီကြီးနဲ့ချွတ်ဆွတ်တူတဲ့ကမ္ဘာ့ဒုတိယအကြီးဆုံးစေတီဖွင့်ပွဲးကြီးလုပ်ခဲ့ကြတယ်..မြန်မာပြည်ကသာသနာရေးရာဝန်ကြီးလာပါတယ်။ကုလားမြို့တော်ဝန်ကမိန့်ကွန်းပြေားတယ်…ကျွှန်တော်တို့အင်ဒိုနီး၇ှားနှိင်ငံမှာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စေတီးကြီး၇ှိတာ ဂုဏ်ယူပါတယ်တဲ့…မြန်မာပြည်မှာတော့ သိတဲ့အတိုင်းပဲ ကုလားပလီတွေ…. ၁၅ ပေထက်ပိုမြင့်ရင် ဆောက်မိန့် ရုတ်သိမ်းတယ်….
အချုပ်အနေနဲ့ ပြေား၇ရင် ဒီအကြောင်းတွေးက ဖေ့ဘုတ်သုံးကြတဲ့ မြန်မာအစ္စလမ်တွေကိုပဲ ရည်ရွယ်ပါတယ်။ပြသနာဖြစ်မလာခင် အောလ္လာပေးထားပြီးဖြစ်တဲ့ ဥနှောက် လေးတွေ သုံးကြရင် မူစီဘတ်က နည်းသွားမှာပါ။ဖေ့ဘုတ်မှာမှ မဟုတ်ပါဘူး အပြင် ပတ်ဝန်ကျင်မှာလည်း အစစအရာရာ ရှဒီအတ်ကပြထားတဲ့အတိုင်း သတိထားပြီး လူကြီးမိဘာတွေရဲ့ စကားကိုနားထောင် ပြီလိမ်မာပါးနပ်စွာနေရင် အေရှလ္လာ ဘယ်နေရာမှာဖြစ်ဖြစ် အန္တရယ်ကင်မှာပါ။အခုခောတ်လူငယ်တွေက ဘာသာရေးပညာ၇ှင်တွေ..သူတော်စင်တွေရဲ့ ဟဒစ်တို့အာရတ်တို့နဲ့ထိထိရောက်ရောက်ရေးပြထောက်ပြကြရင် အများစုကခေါင်းစဉ်လေးပဲဖတ် ကြတတ်လို့ကျွန်တော်အောင်လတ် မော်ဒန်စတိုင်နဲ့ဥဏ်မှီသလောက် ရေးသား သတိပေးထောက်ပြခြင်း သက်သက်သာဖြစ်ပါကြောင်း…..

အောင်လတ်

No comments:

မင်္ဂလာပါ

ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်.. ကျိုက်မရောမြို့မှမြို့သူ/မြို့သားများနှင့်တခြားသောမိတ်ဆွေများ အားလုံးကို(ကျိုက်မရောမြို့၏ဟင်္သာများ)ဘလော့မှ အားလုံးကိုကြိုဆိုပါ၏........<><><><><><> စနေမောင်မောင်(ပိုင်စိုး)(မလေးရှား)
EMAIL; (1)sanaymungmung@gmail.com
(2)pysoelinn@gmail.com<><><><><><><><><><><><><><><><><><><><><>
ရာမညသားလေး (မလေးရှား) EMAIL;(1)myoyamanya@gmail.com

နှလုံးသားရှိသူတိုင်းမျှဝေခံစားနိုင်ပါစေ....စနေမောင်မောင်

Milford Sound in New Zealand
free counters

LinkWithin